Thursday, December 13, 2007

မငြိမ်းသော ငြိမ်း

ပြန်တွေးလိုက်တိုင်း

မပွင့်တပွင့် အပြုံးလေးကလွဲလို့

မဟတဟ စကားပြောဟန်လေးကလွဲလို့

အပိုမလွမ်းတတ်တော့ဘူး။


ဘ၀မှာ ဘယ်နှစ်ခါ

အချစ်မှာ ဘယ်နှစ်ခါ

နာမည်လေးတစ်လုံးနဲ့ တ၀ဲလည်လည်

အစကောက်မိတိုင်း

ကျပျောက်သွားတဲ့ ဓါတ်ပုံဟောင်းလေးပဲ တသသ။


တကယ်ဆို

ဝေးပြီဆိုကတည်းက ဇတ်လမ်းက ပြီးပြီးသား

သေတပန် စိုက်ခဲ့တဲ့ ရင်ထဲမှာ

အဦးအစ ညှိခဲ့တဲ့ မီးတောက်လေးနဲ့

ဒီနေ့ထိ

ငြှိမ်းလို့ မငြိမ်းသေးဘူး။

နေမွန်းသင်

၁၃.၁၂.၀၇

3 comments:

Chaos said...

တကယ်ဆို

ဝေးပြီဆိုကတည်းက ဇတ်လမ်းက ပြီးပြီးသား

ပြန်တွေးကြည့်တော့
မှန်မလိုနဲ့
တစ်ခါတစ်လေ
ဇာတ်နာတာကို
မခံစားနိုင်ဘူးနော်

ဆောင်းယွန်းလ said...

သေတပန် စိုက်ခဲ့တဲ့ ရင်ထဲမှာ

အဦးအစ ညှိခဲ့တဲ့ မီးတောက်လေးနဲ့

ဒီနေ့ထိ

ငြှိမ်းလို့ မငြိမ်းသေးဘူး။
ကဗျာလေးကိုကြိုက်တယ်ဗျာ

Emily said...

ကဗျာလေး သိပ်ကောင်းတယ်ဗျာ။ အရမ်းကြိုက်တယ်။