တိတ်တဆိတ်
ပါးပြင်ကို ခိုးနမ်းသွားပုံက
ပြတင်းအဖွင့်မှာ အရိုင်းဆန်ဆန်။
ဝိုးတ၀ါး
နေရောင်ကို ဖျားယောင်းထားပုံကလဲ
အိမ်ဝေးသူတွေရဲ့ နှလုံးသားကို
အလွမ်းနဲ့ မြှူသလိုလို။
ခေါင်းမော့ပြီး
ရနံ့ကို ရှူရှိက်ကြည့်တော့ အေးမြမြ
ဖမ်းဆုတ်ဖို့ ကြိုးစားတိုင်း
ခိုက်ခိုက်တုန်အောင် အရိုးစိမ့်တဲ့အထိ
ဒေါသတကြီး တုန့်ပြန်တတ်တယ်။
ဒီဇင်ဘာ…
သွေးကြောတစ်ဆုံး
ကျင်စက်နေတဲ့အထိ လောင်ကျွမ်းအုံးမလား
မနာကျင်ရက်ဘူး
ခလေးငယ်တစ်ယောက်ရဲ့
ကုတ်ဖဲ့တတ်တဲ့ လက်ကလေးလို
ဒီအုံ့အုံ့ဆိုင်းဆိုင်း နေထိုင်မှုလေးကိုပဲ
သိုသိုသိပ်သိပ် ကြည်နူးနေမိတယ်။
နေမွန်းသင်
၃၁.၁၂.၀၇
3 comments:
ရုတ်တရက် ပြန်ပေါ်လာပြန်ပြီလားဗျ။ ပျောင်သွားလိုက်တာ။ ကဗျာလာဖတ်တယ်ဗျ။ ဆောင်းကိုဖွဲ့ထားတာလှလိုက်တာ။ ကျွန်တော့်ဆီမှာတော့ ဆောင်းက မချမ်းဘူးဗျ။ ကဗျာတွေဆက်ရေးပါဦးဗျာ။
ကောင်းလိုက်တာ
ဆောင်း က အများကြီးတန်ဖိုးတက်သွားတယ်
ကောင်းလွန်းလို့ ဘယ်လိုချီးကျူးရမှန်းတောင် မသိတော့ဘူး
ဒီကဗျာလေး အရမ်းလှတယ်ဗျာ။ ချစ်သူကို ဖက်နမ်းလိုက်ရသလိုပဲ။ ဟိဟိ မွှေးနေတယ်လို့ ပြောတာပါ။ ကဗျာလေးက ရနံ့လေးတွေ သင်းနေတယ်။ ကောင်းတယ်ဗျို့။
Post a Comment