ကန္တာရဆန်ဆန်
မြို့တွေက ငါ့ကို ဖြတ်စီးသွားတယ်
ရှုမျှော်ခင်းတွေ သွေ့ခြောက်နေတဲ့ အရပ်မှာ
ကျောက်တုံးတစ်တုံးလို ငါ
လွတ်ကျခဲ့…
ကြေကွဲခဲ့…
မသိမ်းပိုက်နိုင်တဲ့ တောင်ကုန်းလေးကို
ရထားတစ်စီးလို စီးတုန်း
အရွယ်တွေ
ငှက်တစ်အုပ်လို အဝေးကို ဖြတ်ပျံသွားတယ်
နှောင်တဲ့ကြိုးနဲ့
နေ၀င်ချိန်ကိုပဲ လှလှပပ ငေးလိုက်ရတော့မလား…
ရင်တလှပ်လှပ်ဆာနေတဲ့ ချောင်းကောလေးလို
နှစ်သိမ့်မှုကို မွတ်တသိပ်
အရပ်ဝန်းတစ်ခုဆီ အငေးမှာ
မျက်ဝန်းတွေ မြူတွေ ဆိုင်းတယ်။
နေမွန်းသင်
၁၁.၀၃.၀၈
3 comments:
ခရီးသွားရဲ့ ပန်းတိုင်ကိုက ခရီးသွားနေခြင်းပဲ မဟုတ်လားဟင်
ဘယ်လိုဖြတ်သန်းလေမလဲပေါ့..။
မြူတွေပါးရင် ရှေ့ကိုတည့်တည့်ကြည့်ပြီး ဆက်လျှောက်ရဦးမယ်။
လေညင်းတွေတိုက်တဲ့အခါမျိုး.. စမ်းရေသောက်ခွင့် ကြုံရတာမျိုးလည်း ရှိကောင်းရှိမှာပေါ့..
ခဏနား.. ပြီးတော့ ထားခဲ့ .. ဆက်လျှောက်လေဦး
ရင်တလှပ်လှပ်ဆာနေတဲ့ ချောင်းကောလေးလို
နှစ်သိမ့်မှုကို မွတ်တသိပ်
အရပ်ဝန်းတစ်ခုဆီ အငေးမှာ
မျက်ဝန်းတွေ မြူတွေ ဆိုင်းတယ်။
စာသားတွေကောင်းတယ်ဗျာ....
ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူးဗျာ။ ကောင်းလိုက်တဲ့ ကဗျာတွေ။ လေးစားပါတယ်ဗျာ။
Post a Comment