Friday, November 9, 2007

တကိုယ်ရေ

အိပ်လို့ မရဘူး

မျက်လုံးကို ဇွတ်မှိတ်ကြည့်တော့

အလွမ်းတွေပဲ ရင်ထဲ ကျလာတယ်


အခန်းမီးကို ပြန်ဖွင့်တော့လည်း

အထီးကျန်မှုက သူစိမ်းလိုလို မိတ်ဆွေလိုလို


မထူးပါဘူး

ငုတ်တုတ်ထထိုင်နေတာပဲ ကောင်းပါတယ်

အရှေ့ ကနံရံကို အငေးမှာ

အိမ်မြောင်လည်း ငါ့လို တကောင်တည်း

အိပ်လို့ မရဘူး

နေမွန်းသင်

၀၉.၁၁.၀၇

1 comment:

Kaung Kin Ko said...

အိပ်မရတဲ့ ညများစွာထဲ...ချစ်သူ့ အသံလေးများကြားရင်...အိမ်ပြန်ချင်တဲ့စိတ်လေးတားမရဘူး