Thursday, November 22, 2007

အလယ်စည်း

ရော်ဘာပင်တွေကို

ဘ၀ရဲ့ အခါးရည်တစ်ခွက်လို့ ဖွဲ့မယ်။


ဒီအချိန်မှာ

ဘာနဲ့ ခတ်ခတ် မီးထပွင့်မှာပဲ

အဲဒီလို

နှလုံးသားကို နားလည်ပေးလိုက်တယ်။


အတွင်းစည်းထဲ စိတ်ကူးသံ အိုက်စပ်စပ်

ဘတ်စ်ကားတွေလိုပဲ

အဲဒီလို “ကမူး” မရေးခဲ့ဘူး။


တွေးစရာ ရှိရင်

လွတ်လွတ်လပ်လပ် တွေးပစ်လိုက်ဖို့

အရိပ်ကျနေတဲ့ စံပယ်ပင်လေးကို ငိုပြနေရတာနဲ့

အနာက မကျက်တော့ဘူး။


အခြေအနေအရ လက်မထောင်လိုက်ပေမယ့်

ငိုက်စိုက်ကျနေတဲ့ ခေါင်းကို ဘယ်သူမြင်လဲ

ထိလွယ်ကျလွယ် လူတစ်ယောက်ဖြစ်ဖို့

ဒီခေတ်ထဲ လွင့်ကျလာတဲ့ ကံပါ။


ခေတ်ကထိုးနှက်လိုက်တဲ့ ဆေးမှင်ကြောင်တွေပေါ့

သူပုန်စိတ်က တစ်ပြားသားမှ မလျော့သေးဘူး

မေတ္တာတရားကိုလဲ အရိပ်တကြည့်ကြည့်

ကြီးကောင်ဝင်နေတဲ့ စိတ်ကူးက

ဒီလိုပါ…

ဘာနဲ့ ပွင့်ပွင့်

ပန်းစစ်ရင် အရောင်မရွေးဘူး။ ။

နေမွန်းသင်

၂၂.၁၁.၀၇

3 comments:

Kaung Kin Ko said...

"အခြေအနေအရ လက်မထောင်လိုက်ပေမယ့်
ငိုက်စိုက်ကျနေတဲ့ ခေါင်းကို ဘယ်သူမြင်လဲ"

"ခေတ်ကထိုးနှက်လိုက်တဲ့ ဆေးမှင်ကြောင်တွေပေါ့
သူပုန်စိတ်က တစ်ပြားသားမှ မလျော့သေးဘူး"
ကြိုက်တယ်ဗျို့ ။

ဆောင်းယွန်းလ said...

ခေတ်ကထိုးနှက်လိုက်တဲ့ ဆေးမှင်ကြောင်တွေပေါ့

သူပုန်စိတ်က တစ်ပြားသားမှ မလျော့သေးဘူး

မေတ္တာတရားကိုလဲ အရိပ်တကြည့်ကြည့်

ကြီးကောင်ဝင်နေတဲ့ စိတ်ကူးက

ဒီလိုပါ…

ဘာနဲ့ ပွင့်ပွင့်

ပန်းစစ်ရင် အရောင်မရွေးဘူး။ ။
I like so much this, and respect your creation.

ThinkingHoney said...

u must have loads of tons of wounds to crate such heavy and strong poem! very nice!!!