ဒီနေ့တော့
အဆောင်ရှေ့က မြက်ခင်းလေးနဲ့
ဒီဇင်ဘာနှင်းပွင့်တွေအကြောင်းပဲ တွေးတော့မယ်။
စိတ်ကို ဒုံးဒုံးချပြီး
လမ်းမတကာ ရောက်ရာပေါက်ရာ
ကိုယ်နဲ့စိတ်ကို လွှတ်ကျောင်းကြည့်ပေမယ့်
ကားရောင်စုံတွေ မြင်ရတိုင်း
အတွေးမှာ…
လွတ်လွတ်လပ်လပ်ဘ၀တွေ မြင်ရတိုင်း
အတွေးမှာ…
ပြေးဆော့နေတဲ့ ကလေးတွေကို မြင်ရတိုင်း
အတွေးမှာ…
ပဲ့တင်သံလို ရိုက်ခတ်လာတဲ့ အမိမြေဆီ
မတူညီတာတွေပဲ “စံ”တစ်ခုအဖြစ် ၀င်ရောက်လာတယ်
ဟူး…
မတွေးတော့ဘူးဆိုမှ
မောတယ်။
ခေတ်နဲ့အညီ မျောပါနေတဲ့ စိတ္တဇတစ်မျိုးပေါ့
ရေဒီယိုနားထောင်ရတာနဲ့
သတင်းတွေ စုံစမ်းရတာနဲ့
ဒီရေလို တက်လိုက်ကျလိုက်
စိတ်တွေ
တနေ့မှ အစာဝတယ်လို့ မရှိဘူး။
နေမွန်းသင်
၁၀.၁၂.၀၇
3 comments:
စိတ်တွေ
တနေ့မှ အစာဝတယ်လို့ မရှိဘူး။
ဟုတ်ပါ့ဗျာ။
ခေတ်နဲ့အညီ မျောပါနေတဲ့ စိတ္တဇတစ်မျိုးပေါ့
ရေဒီယိုနားထောင်ရတာနဲ့
သတင်းတွေ စုံစမ်းရတာနဲ့
ဒီရေလို တက်လိုက်ကျလိုက်
စိတ်တွေ
တနေ့မှ အစာဝတယ်လို့ မရှိဘူး။
ဒီင်္တစ်ပိုဒ်လေးတော်တော်ကြိုက်တယ်
အစ်ကိုရေ
စိတ်အစာက ဘယ်တော့မှရယ် ၀တယ်မရှိဘူးနော်
စိတ်တွေ
တနေ့မှ အစာဝတယ်လို့ မရှိဘူး။
ကျနော်လည်းဘဲ အဲဒီလို
Post a Comment