ဘာမှမဟုတ်တဲ့နေ့ တွေမှာ
အလွမ်းတွေပဲ ရှည်လာတယ်။
စိတ်ချင်းဆက်ပြီး
အိပ်မက်တွေဖလှယ်ကြစို့ လား
တို့ ဘဝတွေ
မင်းလဲလို့ ငါမထူနိုင်တဲ့ အကွာအဝေးနဲ့ 
ငါမောလို့ မင်းမချော့ နိုင်တဲ့ ကံကြမ္မာတွေနဲ့ 
လက်ဖဝါးနုနုလေးကိုကိုင်ပြီး
ညလုံးပေါက် စကားတွေပြောနေမိတယ်
စိတ်ကူးထဲမှာ။
ပို့ စရာလူကြုံလည်းမရှိတော့
ပြောချင်တဲ့စကားတွေလည်း ငါ့ဆီမှာသောင်တင်လို့ 
မင်းလဲ ငါ့လိုစကားလုံးတွေနဲ့ ရေငတ်နေမှာပါ
ချစ်သူတွေပါတဲ့
ဒီအခေတ်အခါကြီးထဲ
လွမ်းတာလေးကိုဖွဲ့ဖွဲ့ နွဲ့ နွဲ့ ဖွင့်ဟဖို့ တောင်
ပြောစရာ ဖုန်းမရှိဘူး။
လူသားတွေပါ
ခံစားမိတာကို ဘယ်မှာသိမ်းထားရမှာလဲ
လူတွေထက်ပိုချစ်ပြီး
လူလိုသူလို စကားပြောခွင့်မရတာ
ဘဝမှာ အနာဆုံးပဲ။ ။
တကယ်ပါ ကျွန်တော်တို့ ဘဝမှာဖုန်းဆက်မရလို့ စိတ်ညစ်ရတာတွေ၊ ချိန်းတဲ့ ဖုန်းကိုစောင့်ရင်း ရှေ့ လူ မပြီးလို့ မပြေမလည်ဖြစ်ရတာတွေ၊ စကားလေး ဆယ်မိနစ်စာပြောဖို့အရေး အဝေးကြီးကနေ အပြေးအလွှားလာခဲ့ရတာတွေ အဲဒီလို ခံစားဖူးသူတွေအတွက်…။
နေမွန်းသင်
၂၉.၁၀.၀၇
2 comments:
ဘ၀တူတွေပါလားဗျ ..
အဲဒီအရသာကတော့ ခံစားဖူးမှသိတာဗျ ..
ဟတ် ဟတ် ခါးတယ်နော် အစ်ကို
ဟုတ်တယ်ဗျို့ ။ တကယ်အရေးကြီးတဲ့ အချိန်ဆို အဲဒါမျိုးက ပိုဖြစ်တတ်တယ်ဗျာ။
Post a Comment